ချစ်တင်းမနှောခင် ဘယ်လိုအစားအစာတွေ ကြိုစားထားမလဲ
လိင်ဆက်ဆံချိန်မှာ အားအင်ပြည့်ဝပြီး စွမ်းဆောင်ရည်ကောင်းစေဖို့၊ မျိုးအောင်နိုင်စွမ်း မြင့်တက်စေဖို့၊ သွေးလည်ပတ်မှုကောင်းစေဖို့ အစားအစာတွေက ကောင်းကောင်း ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ အာဟာရဆိုတာ ကျန်းမာစေဖို့ တစ်ခုတည်းမဟုတ်ပါဘူး။ လိင်ဆက်ဆံတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်အားတွေဟာ အမြင့်ဆုံးရောက်နေဖို့ အရေးကြီးတဲ့အတွက် အစာအာဟာရကို သေချာဂရုစိုက်ပြီး စာပေးဖို့ လိုအပ်ပါတယ်။
သင်က သားသမီးရတနာလေး လိုချင်လို့ လိင်ဆက်ဆံချင်တာလား၊ ဒါမှမဟုတ် လိင်စိတ်ဆန္ဒ ပြည့်ဝဖို့ ဆက်ဆံတာလား၊ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ လိင်မဆက်ဆံခင်မှာ ခုပြောပြပေးမယ့် အစားအစာတွေကို သေချာလေး စားကြည့်ဖို့ အကြံပေးချင်ပါတယ်။
၁။ ကမာကောင် - ဇင့်ဓာတ်ကြွယ်ဝတဲ့ ကမာကောင်တွေဟာ အမျိုးသားတွေရဲ့ လိင်စိတ်ဆန္ဒကို မြင့်တက်စေတဲ့ တက်စတိုစတီရုန်း ကျားဟော်မုန်းထုတ်လုပ်နိုင်စွမ်းကို မြင့်တက်စေလို့ များများစားပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။
၂။ ချောကလက် - အခါးဓာတ်ဟာ လူတွေရဲ့ ဦးနှောက်လုပ်ဆောင်ရည်ကိုလည်း မြှင့်တင်ပေးနိုင်သလို Serotonin ဟော်မုန်းတွေကိုလည်း ထွက်စေလို့ ပျော်ရွှင်စေပြီး လိင်စိတ်ကိုနိုးကြွစေတယ်။ ဒါ့အပြင် သွေးခုန်နှုန်းမြန်စေလို့ အမျိုးသားများအတွက် လိင်တံထောင်မတ်နိုင်စွမ်းကို မြင့်တက်စေပါတယ်။ Dark Chocolate လိုမျိုး အခါးဓာတ်ပိုကဲတဲ့ ချောကလက်မျိုးက လိင်စွမ်းဆောင်ရည်အတွက် ပိုအကျိုးရှိပါတယ်။
၃။ သလဲသီး - အမျိုးသမီးများရဲ့ မျိုးပွားနိုင်စွမ်းကို ကောင်းစေလို့ သားသမီးရတနာလိုချင်သူများအတွက် များများစားပေးသင့်ပါတယ်။ အမျိုးသားများအတွက်လည်း ကျားဟော်မုန်းတိုးစေပါတယ်။ အသီးအနေနဲ့ဖြစ်စေ၊ အရည်ညှစ်ပြီးတော့ သောက်လို့ပဲဖြစ်စေ အဆင်ပြေပါတယ်။
၄။ ဖရဲသီး - အရည်ရွှမ်းပြီး ဗီတာမင်စီဓာတ်ပြည့်ဝတဲ့ အသီးအနှံတွေဟာ လူကို လန်းဆန်းတက်ကြွစေသလို ဦးနှောက်နဲ့ ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်ရည်ကို မြှင့်တင်ပေးတယ်။ ရေဓာတ်ဖြည့်တင်းပေးပြီး သက်လုံကောင်းစေလို့ အမောခံနိုင်ပြီး အိပ်ယာထက်က စွမ်းဆောင်ရည်ကို ပိုမိုကြာမြင့်အောင် ကူညီပေးနိုင်ပါတယ်။ အမျိုးသားတွေအတွက် လိင်အင်္ဂါဆီသို့ သွေးစီးဆင်းနှုန်း ပိုမိုအားကောင်းစေလို့ သဘာဝကြာဆေးလို့လည်း ဆိုစမှတ် ပြုကြပါတယ်။
၅။ ကော်ဖီ - ရဲဆေးတင်ဖို့ အရက်သောက်မယ့်အစား ကော်ဖီသောက်လိုက်တာ ပိုအကျိုးထူးရှိစေပါတယ်။ ကော်ဖီမှာ ပါဝင်တဲ့ ကဖင်းဓာတ်က ဦးနှောက်ကို ရုတ်တရက်နိုးကြားလာစေဖို့ လှုံ့ဆော်ပေးလိုက်နိုင်တဲ့အတွက် လိင်မှုကိစ္စများ မစွမ်းဆောင်ခင် မိနစ်အနည်းငယ်အလိုမှာ ကော်ဖီတစ်ခွက်လောက် သောက်ပေးနိုင်ရင် အာနိသင်ပိုပြပါတယ်။
၆။ ထောပတ်သီး - ထောပတ်သီးမှာ ပါဝင်တဲ့ အဆီအနှစ်က နှလုံးအားကောင်းစေရုံသာမက အိပ်ယာပေါ်မှာ ခွန်အားပြည့်ဝနေစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ ထောပတ်သီးမကြိုက်ဘူးဆိုရင် အဆီများတဲ့ ငါးတွေ ဒါမှမဟုတ် ငါးကြီးဆီအားဆေး စားပေးလို့လည်း ရပါတယ်။
၇။ ဆယ်လ်မွန်ငါး - အိုမီဂါ - ၃ ငါးကြီးဆီ အဆီအနှစ်တွေပါဝင်ပြီး ကျန်းမာရေးနဲ့ အလွန်ညီညွတ်တဲ့ ဒီငါးဟာ သွေးကြောထဲမှာ ပိတ်နေတဲ့ အနည်အနှစ်တွေကို ဖယ်ရှားပေးနိုင်လို့ ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်စီးဆင်းနှုန်းကို ကောင်းစေပါတယ်။ အမျိုးသားတွေအတွက် သွေးလည်ပတ်စနစ် အားကောင်းခြင်းဟာ ငယ်ပါထောင်မတ်နိုင်စွမ်း ပိုကောင်းဖို့၊ ပိုမာဖို့နဲ့ ပိုကြာဖို့အတွက် အဓိက သော့ချက်တစ်ခုပါပဲ။
၈။ ကော်ဖီ ဒါမှမဟုတ် ရေနွေးကြမ်း - ကဖင်းဓာတ်ဟာ ဦးနှောက်အာရုံကြောစနစ်ကို နိုးကြားတက်ကြွစေတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ လိင်ပိုင်းဆိုင်ရာမှာ ခန္ဓာကိုယ်က ပုံမှန်အတိုင်း အလုပ်လုပ်နိုင်ဖို့ ဦးနှောက်ကနေ အချက်ပြပေးနေရတာဖြစ်တဲ့အတွက် ဦးနှောက်ပိုင်းဆိုင်ရာမှာ တက်ကြွနေအောင်၊ လိင်တံထောင်မတ်နိုင်စွမ်းကို လျော့သွားစေနိုင်တဲ့ အတွေးတွေပျောက်ပြီး ပိုအာရုံစူးစိုက်နိုင်အောင် ကဖင်းဓာတ်က ကူညီပေးနိုင်ပါတယ်။ အကယ်လို့ ညအိပ်ချိန်မှာ လိင်ဆက်ဆံမယ့်သူဆိုရင်တော့ နေ့လယ်ကတည်းက သောက်တာပိုကောင်းပါတယ်။
ခုပြောပြတဲ့အစားအစာတွေကို လိင်ဆက်ဆံခြင်းမပြုခင် မိနစ်ပိုင်းမှ နာရီပိုင်းအတွင်း သောက်ပေးရုံနဲ့ အာနိသင်ပြနိုင်သလို နေ့စဉ် ပုံမှန်စားပေးမယ်ဆိုရင်လည်း လိင်မှုကိစ္စမှာ သိသာထင်ရှားတဲ့ ရလဒ်ကောင်းတွေကို မြင်တွေ့ရစေနိုင်ပါတယ်။
ရေးသားသူ - ရဲမျိုးမြတ်